Computer ထဲကို Virus,Trojan,Malware တွေကူးစက်မခံရအောင်
ကာကွယ်ပေးတဲ့အကောင်းဆုံးဆောဲ့လေးပါအောက်ကနေဒေါင်းယူပါ
Setup Downloads
Key Downloads

Malware ဆိုတာဘာပါလိမ့်
Malware ဆိုတာ Maliciious software ကိုအတိုကောက်ခေါ်တာပါ။ Programmer တစ်ယောက်ဟာ malware ကိုဖန်တီးရခြင်း အကြောင်းတွေအများကြီးရှိပါတယ်။ သာမန် computer attack ကနေ cyber crime အကြီးစားတွေလုပ်ဆောင်ဖို့အတွက်ထိဖြစ်နိုင်တယ်ဗျ။ Malware ကို ပုံစံအမျိုးမျိုးနဲ့ရေးဆွဲကြပါ
တယ်။ အဓိကအားဖြင့် malware အမျိုးအစားတွေကတော့ virus, trojan, worm, spyware, နဲ့ zombies ဆိုပြီးရှိပါတယ်။
Malware ထဲမှာ တော်တော်များများကြားဖူးပါတယ်။ Virus ကသက်ရှိတွေလိုမျိုး သူတို့ကိုယ်သူတို့ self-replication လုပ်နိုင်ပါတယ်။ တစ်ဖိုင်ထဲကနေ hard disk ကြီးအပြည့်ဖြစ်အောင်ထိပွားလို့ရတယ်။ မိုက်တယ်နော်..ဟီး.. ဗိုင်းရပ်စ်က အဓိကအားဖြင့် ဖိုင်တွေအကြီးအကျယ်ဖျက်စီးတာမျိုးမဟုတ်ပါဘူး။ အဲလိုလုပ်တာဆိုရင် ဖိုင်စ၀င်လာကတည်းက အန်ကယ်ဗိုင်းရပ်စ်နဲ့တွေ့မှာပါ။ အဓိကက host တစ်နေရာ ကနေ တစ်ခြားတစ်နေရာကို clone လုပ်တာပါ။ အဲ. ဗိုင်းရပ်စ်သုံးပြီး ဖိုင်တွေကို ၀င်ဖျက်မယ်ဆိုရင် programmer ရဲ့ ခြေရာဖျောက်နိုင်စွမ်းကျွမ်းကျင်မှုအပေါ်မူတည်ပါတယ်။ အစွမ်းထက်တဲ့ ဗိုင်းရပ်စ် တစ်ခုမှာ ခြေရာလက်ရာကို victim မရိပ်မိနိုင်လောက်အောင် အန်ကယ်ဗိုင်းရပ်စ်နဲ့လဲမတိုးအောင် အချိန် အတော်ကြာအောင် ကိုယ်ယောင်ဖျောက်နိုင်ပါတယ်။
ကွန်ပျူတာ system ကိုဖျက်စီးတာက virus ကို clone လုပ်တာနဲ့မဆိုင်ပါဘူး။ တခါတလေsoftware တွေဒေါင်းရင်းနဲ့ အထဲမှာ built-in ကြီးပါလာတတ်တယ်။ အဲဒါက သီချင်းဖြစ်ရင်ဖြစ်မယ်။ ဂိမ်းဖြစ်ရင်ဖြစ် မယ်။ သဇင်အပိုင်း၃လဲဖြစ်ရင်ဖြစ်မယ် အထဲမှာ virusကို bind လုပ်ထားတာကိုမရိပ်မိပဲ သွား run လိုက်ရင်တော့ ကွန်ပျူတာထဲမှာ ကုလားဘုရားလှည့်နေပါလိမ့် မယ်။ ပြောရင်းဘယ်တွေရောက် ကုန်ပြီလဲ မသိဘူး..ဟီး.. အဲ. တချို့ virus တွေက time bomb လိုပဲ run ပြီးပြီးချင်းဘာမှ active ဖြစ်မှာ မဟုတ်ဘူး။ သတ်မှတ်ထားတဲ့အချိန်မရောက်မချင်း clone တွေတိတ်တိတ်လေးပွားနေ.. သတ်မှတ်ထား တဲ့အ ချိန်ရောက်တော့မှ ကွန်ပျူတာတစ်ခါထဲပျက်တော့တာပဲ
Worm က ဗိုင်းရပ်စ်နဲ့ဆင်တူပါတယ်။ Worm နဲ့ဗိုင်းရပ်စ် ဘာကွာလဲဆိုတော့ worm က network- aware ဖြစ်ပါ တယ်။ ဗိုင်းရပ်စ်က ကွန်ပျူတာတစ်လုံးထဲမှာပဲ ဖိုင်တွေလျှောက်ပွားလို့ရပေမယ့် computer to computer ဆိုမလွယ်ပါဘူး။ Wormကကျတော့ network ထဲမှာရှိသမျှ ကွန်ပျူတာတွေ အကုန်လုံး ကိုတောက်လျှောက် infect လုပ်သွားပါတယ်။
နောက်တစ်ခုဘာကွာလဲဆိုတော့ virus တွေက ကွန်ပျူတာတစ်လုံး ကနေတစ်လုံးပြန့်ဖို့တော်တော် ကြာတယ်။ အဲဒီဖိုင်ကိုနောက်တစ်ယောက်က run တော့မှ ကူးသွားမှာကိုး။ ဗိုင်းရပ်စ်က ကွန်ပျူတာ သုံးလေး လုံးလောက်ပဲကူးပြီးချိန်မှာ worm က network ပေါင်းများစွာကိုပြန့်ပြီးသွားပြီ. အဲဒါကြောင့် worm က virus ထက်ပိုပြီး ထိန်းချုပ်ဖို့ခက်ပါတယ်။
ရောမခေတ်က ထရိုဂျန်ပုံပြင်ကိုကြားဖူးကြမှာပေါ့နော်… ရန်သူစစ်သားတွေက ထရိုဂျန်လို့ခေါ်တဲ့ မြင်းရုပ် ကြီးလုပ်ပြီးအထဲမှာဝင်နေကြတယ်.. အဲဒါကိုတစ်ဖက်စစ်သားတွေက ရန်သူတွေပြေးပြီ ထင်ပြီး မြို့ထဲ ကိုသွင်းလာ.. ညလဲကျရော မြင်းရုပ်ထဲက စစ်သားတွေကထွက်ပြီး မြို့တံခါးကိုဖွင့်ပြီး တိုက်ခိုက် အနိုင်ရခဲ့ပါတယ်။
Trojan malware ကလဲဒီလိုပါပဲ ကျနော်တို့ဆီကို game, video, mp3, စသဖြင့်ဟန်ဆောင်ပြီး ၀င်လာ လိမ့်မယ်။ run လိုက်ရင် ဘာသီချင်းမှ ဘာဂိမ်းမှတက်လာမှာမဟုတ်ဘူး.. ဒါပေမယ့် trojan က active
ဖစ်သွားပါပြီ။ virus ဆရာ့ဆရာကြီးတွေဆိုရင် virus, trojan, worm ကိုတွဲပြီးတောင်သုံး တတ် ပါတယ်။ ပထမဆုံး trojan နဲ့ဝင်ပြီးတော့မှ virusတွေ worm တွေကိုဖြန့်တာပါ။
spyware ရဲ့ အဓိကလုပ်ဆောင်ချက်က victim တစ်ယောက် computer မှာဘာတွေလုပ်တယ်ဆိုတာ ကိုကြည့်ပြီး ရတဲ့ information ကို hacker ဆီကိုပြန်ပို့ပေးတာပါ။ Spyware ကကွန်ပျူတာထဲ မှာငြိမ်ငြိမ်လေး ပဲကုပ်နေတာ။ ကြောက်ဖို့ကောင်းတာက သူကိုယ့်ကွန်ပျူတာထဲရောက်လာပြီဆိုတာနဲ့ ကိုယ်ကသွား click လုပ်စရာမလိုဘူး။ သူ့ဘာသာ install လုပ်ပြီး တောက်လျှောက် run နေတော့တာပဲ။
Spyware တွေအများကြီးရှိပါတယ်။ Keylogger ဆိုရင် ကျနော်တို့ keyboard မှာရိုက်သမျှစာတွေ အကုန်ပါသွားမှာဖြစ်ပြီး private information တွေဖြစ်တဲ့ user account, password, credit card number တွေအကုန်ပါသွားပါလိမ့်မယ်။ တချို့ spyware တွေဆိုရင်screenshot တွေတောင်ဖမ်းပေး ပါတယ်။
Zombie လဲ spyware လိုပါပဲ။ file တစ်ခုကို infection ၀င်လဲဘာမှထူးထူးခြားခြားပြောင်းမှာမဟုတ်ဘူး.. ဒါပေမယ့် ဘာကွာလဲဆိုတော့ zombie က computer ထဲက ဘာ information ကိုမှယူသွားမှာ မဟုတ်ဘူး။ အဲဒီအစား သူ့ကိုဖန်တီးတဲ့ hacker ဆီက command တွေကိုပဲထိုင်ပြီး victim computer ကိုကြိုက်သလိုကိုင်နေမှာ.။ Zombie တွေကို server hacking မှာအများဆုံးသုံးလေ့ရှိပါတယ်။ network တစ်ခုမှာ host computer ပါသွားပြီဆိုရင် အဲ့ထဲက ကွန်ပျူတာတွေ အလိုလိုပါပြီးပြီလို့ မှတ်နိုင်ပါတယ် အဲဒီလိုမျိုး network တစ်ခုပါသွားပြီဆိုလို့ရှိရင် website တစ်ခုကို DDOS(distributed denial of service attack) တိုက်လို့ရပါပြီ။
Credit - ကိုဖိုးအေး
No comments:
Post a Comment